head

Monday, 16 June 2008



` ချစ်သူ ´
ယုံကြည်စွာနဲ. တည်ဆောက်ခဲ့တဲ့ အိပ်မက်တွေ
မင်းနင်းခြွေ သွားတာလား
ရင်ခွင်တစ်ခုလုံး အမိုက်မှောင်ဖုံးလို့
ယူကြုံးမရ ကိုယ်ခံစားခဲ့ရပြီ ချစ်သူရယ်---။
ချစ်မိပြီ ဆိုမှတော့
ဘယ်လိုမှ မုန်းမရ
ကိုယ်က ရူံးနိမ့်ခဲ့ရပြီ
ရက်စက်ပါ ချစ်သူ
မကြည်ဖြူတော့တဲ့နောက်
မင်းတစ်ယောက်ကို ချစ်မိခဲ့တဲ့ စိတ်ကိုထိန်း
ခပ်စိမ်းစိမ်း နေနိုင်အောင်
အချိန်ကာလတစ်ခုအထိ
ကြိုးစားပြီးနေပါတော့မယ် ချစ်သူရယ်------။

Monday, 9 June 2008

ယုံကြည်စွာ တည်ဆောက်ချင်သောအိမ်

ချစ်သူများနေချင်သော ` အိမ် ´
နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်း ` အိမ် ´
အတ္တ၊ မာန၊ ပြိုင်ဆိုင်မှု၊ အနိုင်ယူမှု များကင်းဝေးသော
ငြိမ်းချမ်းနွေးထွေးသော ` အိမ် ´
မာယာ၊ မနာလိုမှုကင်းသော ` အိမ် ´
နားလည်မှု၊ ချစ်မြတ်နိုးမှုများဖြင့်တည်ဆောက် ထားသော ` အိမ် ´
ဖြူစင်မြင့်မြတ်သောစိတ်ဓါတ်များဖြင့် တည်ဆောက် မည့်
` အိမ် ´
နွေးထွေးသောမေတ္တာများဖြင့်တည်ဆောက်ထားသော
` အိမ် ´
သက်ဆုံးတိုင်လက်တွဲသွားကြမည့်ချစ်သူတို့ ` အိမ် ´
ကမ္ဘာမြေမှာ ဆောက်လုပ်ထားသော ချစ်တတ်သူတို့ ` အိမ် ´

Monday, 2 June 2008

ကို
သတိရတယ်ဟာ။

Under My Umbrella

w

fall 1