head

Wednesday, 29 October 2008

ငါမဟုတ်တဲ့ ` ငါ´


ဘာအကြောင်းပြချက်မှမရှိဘဲနဲ့
နင့်ကို နက်နက်နဲနဲချစ်မိသွားတဲ့ ` ငါ ´
ချစ်ကြပြန်တော့လည်း
ငါ(အတ္တ)ဆိုတာမရှိလောက်အောင်
နင်အတွက်ပဲ စဉ်းစားနေတဲ့ `ငါ´
နင်နဲ့ ငါစိတ်ဆိုးကြတဲ့အခါ
ပြန်ပြောဖို့နေနေသာသာ
နင့်လေလံ မာခဲ့ရင်တောင်
မနေတတ်ခဲ့တဲ့ `ငါ´
နင့်ကိုမဆုံးရှုံးချင်လို့
မတွေ့ရတော့မှာ ကြောက်လို့
အကြိမ်ကြိမ်အခါခါ အရှုံးပေးရင်းနဲ့
`သိက္ခာ´ဆိုတာမရှိတော့တဲ့ `ငါ´
နင်ဘယ်လိုပဲ လုပ်ရက်လုပ်ရက်
နင့်ကို ဘယ်လိုမှ
မုန်းလို့မရတဲ့ `ငါ´
နင်အမြဲပျော်ရွင်ပါစေလို့
အမြဲဆုတောင်းနေမဲ့ `ငါ´

Friday, 24 October 2008

သင်သေသွားသော်

( ဇော်ဂျီ )

ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

Thursday, 23 October 2008


kk
လက်တွဲဖေါ်

နင်နဲ့ငါနဲ့ ဘ၀ခရီးကို
ငါ
ယုံကြည်လေးစားအားကိုးတဲ့
ချစ်ခြင်းများစွာဖြင့်
နွေးထွေးစွာကမ်းလင့်လာတဲ့
နင့်လက်ကို မြဲမြဲဆုပ်ကိုင်လို့
ကြုံတွေ့လာမည့်
ဘ၀အခက်အခဲများကို
တစ်ယောက်ကိုယောက်
နားလည်၊ ခွင့်လွတ်၊
သစ္စာရှိခြင်းများစွာဖြင့်
ရင်ဆိုင်ဖြေရှင်း
ကြစို့လေ။

Sunday, 19 October 2008

Saturday, 18 October 2008

ဆုတောင်း


ငါသည်လည်း
----

Thursday, 16 October 2008

မေမေ

အဖြူစင်ဆုံးထား၊
ကိုယ်ချင်းစာတရားထား
ကိုယ်တတ်နိုင်သလောက်
အကောင်းဆုံးကိုပဲပေးပါ
ကိုယ်ချစ်တဲ့သူတွေကို
စိတ်ချမ်းသာအောင်ထားပါလို့
အမြဲဆုံးမတတ်တဲ့မေမေ
သူများတွေ ကိုယ့်အပေါ်ကောင်းကောင်း၊
မကောင်းကောင်းကိုယ့်ဘက်က
တရားမပျက်ပါနဲ့လို့
အမြဲဆုံးမတတ်တဲ့မေမေ
စေတနာ အကျိုးပေးပါလိမ့်မယ်လို့
အမြဲဆုံးမတတ်တဲ့မေမေ
မေမေဆုံးမခဲ့တဲ့အတိုင်း
ကျွှန်တော် အမြဲလိုက်နာပြီး
ကျွန်တော်ပေးနိုင်သလောက်
အကောင်းဆုံးတွေကိုပဲပေးခဲ့ပါတယ်
ဒါပေမယ့် `` မေမေ´´ ရယ်
ကျွန်တော့အတွက်တော့
ကိုယ်ပေးသလောက် ပြန်မရရင်နေပါစေတော့
ကျွန်တော် လည်းမလိုချင်တော့ပါဘူး
ရင်ထဲမှာလည်း ဒဏ်ရာတွေ ဗလပွဖြစ်လို့
ပင်ပန်းလှပြီမေမေရယ်

Thursday, 2 October 2008

စိတ်



`` ချစ်စိတ် ´´
ချစ်သူ၏ ဆန္ဒအရာရာသည်
င့ါခေါင်းမှာဆောင်းထားတဲ့
ဦးထုတ်တလုံး ဆိုရင်
ငါ့အတ္တ၊ မာန၊ ဆန္ဒ များကတော့
ချစ်သူ ခြေဖ၀ါးအောက်က
ဖိနပ်ကလေးပဲဖြစ်ပါလိမ့်မယ်

Under My Umbrella

w

fall 1