ဘာအကြောင်းပြချက်မှမရှိဘဲနဲ့
နင့်ကို နက်နက်နဲနဲချစ်မိသွားတဲ့ ` ငါ ´
ချစ်ကြပြန်တော့လည်း
ငါ(အတ္တ)ဆိုတာမရှိလောက်အောင်
နင်အတွက်ပဲ စဉ်းစားနေတဲ့ `ငါ´
နင်နဲ့ ငါစိတ်ဆိုးကြတဲ့အခါ
ပြန်ပြောဖို့နေနေသာသာ
နင့်လေလံ မာခဲ့ရင်တောင်
မနေတတ်ခဲ့တဲ့ `ငါ´
နင့်ကိုမဆုံးရှုံးချင်လို့
မတွေ့ရတော့မှာ ကြောက်လို့
အကြိမ်ကြိမ်အခါခါ အရှုံးပေးရင်းနဲ့
`သိက္ခာ´ဆိုတာမရှိတော့တဲ့ `ငါ´
နင်ဘယ်လိုပဲ လုပ်ရက်လုပ်ရက်
နင့်ကို ဘယ်လိုမှ
မုန်းလို့မရတဲ့ `ငါ´
နင်အမြဲပျော်ရွင်ပါစေလို့
အမြဲဆုတောင်းနေမဲ့ `ငါ´
နင့်ကို နက်နက်နဲနဲချစ်မိသွားတဲ့ ` ငါ ´
ချစ်ကြပြန်တော့လည်း
ငါ(အတ္တ)ဆိုတာမရှိလောက်အောင်
နင်အတွက်ပဲ စဉ်းစားနေတဲ့ `ငါ´
နင်နဲ့ ငါစိတ်ဆိုးကြတဲ့အခါ
ပြန်ပြောဖို့နေနေသာသာ
နင့်လေလံ မာခဲ့ရင်တောင်
မနေတတ်ခဲ့တဲ့ `ငါ´
နင့်ကိုမဆုံးရှုံးချင်လို့
မတွေ့ရတော့မှာ ကြောက်လို့
အကြိမ်ကြိမ်အခါခါ အရှုံးပေးရင်းနဲ့
`သိက္ခာ´ဆိုတာမရှိတော့တဲ့ `ငါ´
နင်ဘယ်လိုပဲ လုပ်ရက်လုပ်ရက်
နင့်ကို ဘယ်လိုမှ
မုန်းလို့မရတဲ့ `ငါ´
နင်အမြဲပျော်ရွင်ပါစေလို့
အမြဲဆုတောင်းနေမဲ့ `ငါ´




















4 comments:
အကြိမ်ကြိမ်အခါခါ အရှုံးပေးရင်းနဲ့
`သိက္ခာ´ဆိုတာမရှိတော့တဲ့ `ငါ´
ဒါမျိုး ဖွင့်ဟ ပြရဲတာ ကောင်းတယ်ဗျာ..
ဘာမှ မပတ်သက် မသိဘူးကြတဲ့ လူ ၂ဦးဟာ ချစ်သူတွေ ဖြစ်သွားကြဖို့ ဆိုရင် ... ချစ်သူ ၂ဦးဟာ တစ်ဦးတည်း အဖြစ် ရပ်တည် နိုင်ဖို့ ပေါ့ ..ဒီ “ငါမဟုတ်တဲ့ ငါ” ဆိုတဲ့ ကဗျာလေး ထဲကလို သဘောထား ကြဖို့ လိုအပ်လာပါပြီ.. ကဗျာလေး ကောင်းပါတယ်ဗျာ..
အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ခံယူထားပုံရတယ်..
ကျွန်တော်လည်း အဲလိုဘဲ ယူဆထားတယ်.. ကိုယ်ချစ် တဲ့လူကို ပေးဆပ်ခွင့် ရနေရင်ဘဲ ကျွန်တော်အတွက် ပြည့်စုံနေပါပြီ.. သူငယ်ချင်းလဲ ဒီလိုဘဲ ယူဆမယ် ထင်ပါတယ်....
ပေးဆပ်ချစ်နေသူတစ်ယောက်....
ဒီကဗျာလေးကတော့ တိုက်ဆိုင်တယ်ဗျာ ။ ကြိုက်တယ် ။
အားပေးနေပါတယ် ။ :)
လာလည်ပြိး ကဗျာတွေဖတ်သွားတယ်..
တော်တော်ကောင်းတဲ့ ကဗျာလေးပါ..
ချစ်သူတွေမှာ တစ်ယောက်ကတော့ ပိုပြီးအနာခံရတာ ထုံးစံတစ်ခုများဖြစ်နေရော့သလား..
ခံစားချက်ကို ပေါ်အောင်ရေးတတ်ပါတယ်ဗျာ..
Post a Comment