
နင်ကစိတ်အရမ်းပျော့တယ်တဲ့၊ ဟန်ဆောင်ပြီးနေတတ်အောင်ကြိုးစားတဲ့၊ လောကမှာ အလိုက်သင့်သော (ဟန်ဆောင်တတ်မှတဲ့၊ မာယာတွေနဲ့ ) နေတတ်မှ အဆင်ပြေတာဟုပြော၍ ဆုံးမသော သူငယ်ချင်းသို့
ငါစိတ်ပျော့တာမဟုတ်ဘူးဟ၊ ငါ့အဒေါ်တစ်ယောက်ဆုံးကတည်းက သူဆန္ဒတစ်ခုကို ငါ ဖြည့်ဆည်း မပေးလိုက်ရလို့ တွေးမိတိုင်းနောင်တ အမြဲရနေတတ်လို့ .. အဲဒီကတည်းက (နောင်တဆိုတဲ့ စိတ်ခံစားမှု မရှိချင်လို့) ငါ ဘယ်သူကိုပဲဖြစ်ဖြစ် အကောင်းဆုံးစိတ်ထားနဲ့ ဆက်ဆံခဲ့တာပါ၊ တကယ်တော့ ငါ နောင်တ ဆိုတဲ့ ပူလောင်မှုကို ခံစားဖူးလို့ အဲဒီခံစားချက်ကို နောင်ဘယ်တော့မှ မခံစားချင်တော့လို့ပါ။ ပြီးတော့ အဲလို ကိုယ်ဘက်က လုပ်ပေးနိုင်သလောက်လုပ်ပေး လိုက်တော့ ကိုယ်လုပ်ပေးခဲ့တဲ့သူက (ကိုယ့်အပေါ် ကောင်းချင်လည်းကောင်းမယ်၊ မကောင်းချင်လည်းမကောင်းဘူး)ပေါ့လေ၊ သူတို့အကြောင်း တိုက်ဆိုင်လို့ တွေးမိလိုက်တဲ့အချိန်မှာ သူတို့နဲ့ပတ်သက်လို့ (ဘာနဲ့မှမတူတဲ့ ) စိတ်သန့်တဲ့ ခံစားမှုက ငါ့ကို စိတ်လွတ်လပ်ခြင်း ဆိုတဲ့ အားအင်ဖြစ်စေတယ်လို့ ငါ ထင်တယ်၊
ငယ်ငယ်လေးကတည်းက ဟန်ဆောင်ခြင်းကို အရမ်းမုန်းလို့ စိတ်ထဲကမပါရင် ဘာကိုမှ(ဟန်ဆောင်ပြီး) မလုပ်ချင်တာ အကျင့်ပါနေပြီဟ၊ ပြီးတော့ ဟန်ဆောင်ရတာလည်း စိတ်ပင်ပန်းပါတယ်ဟာ၊ ငါမလုပ်တတ်တာ တော့မဟုတ်ဘူးနော်၊ မလုပ်ချင်လို့ကို မလုပ်တာ။
မာယာဆိုတာကတော့.. လူတွေငါ့ကို သနားအောင်၊ ချစ်လာအောင်၊ ပိုခင်လာအောင် မာယာတွေသုံးမှ ဆိုရင်တော့ နေပါစေတော့ဟာ၊ အဲဒါတွေရဖို့အတွက် မာယာတွေသုံးနေရမယ့် အချိန်တွေအစား ငါ .......




















No comments:
Post a Comment