head

Monday, 10 November 2008

-

တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုမပေးနိုင်လို့
လမ်းခွဲကြပြီးမှ မင်းငါ့ကို
အပေါ်ယံ ဟန်ဆောင်တဲ့ ကြင်နာခြင်းတွေနဲ့
လာမပြောပါနဲ့
အလွမ်းဝေဒနာကို ငါကြိုးစားကုနေတဲ့အချိန်မှာ
ငါ့ကိုလွတ်လပ်ခွင့်ပေးပါ
ငါ့ဘက်က မင်းနဲ့ ချစ်ခဲ့တဲ့အချိန်မှာ
အကောင်းဆုံး(သစ္စာ) ပေးခဲ့ပြီးပြီပဲ
ဒါကြောင့်
မင်းပြတ်သားစွာ ထားခဲ့တဲ့ငါ့ကို
လွတ်လပ်ခွင့်ပေးပါ
ထားတုန်းကတောင် ထားခဲ့ပြီးမှ
လှည့်မကြည့်စတမ်းပေါ့

2 comments:

Agape said...

မမရေ... မပြတ်သားတဲ့လူတွေကို နားခိုင်းလိုက် ကိုင်းကြီးကြီးမှာ. မမ ပျော်ရွှင်ချမ်းမြေ့ပါစေ...

Anonymous said...

ဟုတ်တယ် အစ်မ.. ထားခဲ့တဲ့ လူတစ်ယောက်ကို ပြန်လှည့်ကြည့်မနေနဲ့ ...

သူတို့က ထားတုန်းက ထားခဲ့ပြီး ကျန်ခဲ့တဲ့လူ စိတ်ဆိုး တော့ ဆိုးတဲ့လူကို အပြစ်ပြောချင်ကြသေးတယ်.။

သူတို့တွေကို အဲလို ရက်စက်မှ တော်ရာကျတာ.။
အားပေးတယ်. ဆက်လုပ် အစ်မ.။

Under My Umbrella

w

fall 1